১.৩. সরঞ্জাম দেখে নিন


မှတ်တမ်းရယူရန်နှင့် ရေးသားရန် ကိရိယာတန်ဆာပလာများ ကောင်းမွန်စွာ အလုပ်,လုပ်မလုပ် စစ်ဆေးပါ။ (ဘောပင်၊ အသံဖမ်းစက်၊ ဘတ္ထရီ၊ SD ကဒ် စသည်တို့ကို) အပိုဆောင်သွားပါ။ အင်တာဗျူးထုတ်လွှင့်မှုနှင့်ပတ်သက်၍ အင်တာဗျူးဖြေဆိုမည့်သူက ခွင့်ပြုချက် လက်မှတ်ရေးထိုးပေးရန် လိုအပ်ပါက ထိုစာရွက်စာတမ်းတစ်စုံ သင်နှင့်အတူ ပါ,ပါစေ။ ယင်းခွင့်ပြုလွှာသည် အပိုင်းပိုင်းခွဲ၍ ထုတ်လွှင့်ရန်လိုအပ်သည့် အင်တာဗျူးရှည်များအတွက် အရေးကြီးပါသည်။ စီးပွားရေးလုပ်ငန်း သို့မဟုတ် နိုင်ငံရေးသမား ပြောရေးဆိုခွင့်ရှိသူများအတွက်မူ ထိုခွင့်ပြုလွှာမျိုး မလိုအပ်ပါ။ သူတို့၏ အလုပ်သဘောအရပင် အင်တာဗျူးပြုလုပ်သည်ကိုရော ထိုအင်တာဗျူးကို မည်သို့အသုံးပြုမည်နှင့်ပတ်သက်၍ သင့်ဆုံးဖြတ်ချက်ကိုပါ သူတို့ဘက်မှ သဘောတူထားပြီးဖြစ်သည်ဟု ဆိုရပါမည်။ သို့တိုင် သင့်တင်ဆက်ပုံကို သူတို့ နှစ်သက်ခြင်းမရှိပါက သူတို့တွင် စောဒကတက်ခွင့် ရှိပါသည်။