စုံစမ်းဖော်ထုတ်ခြင်းသတင်းပညာလက်စွဲသည် Konrad Adenauer Stiftung (KAS) ၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ စင်ကာပူရှိ KAS အာရှ မီဒီယာအစီအစဉ်က ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့ အခြေစိုက် KAS အရှေ့တောင် ဥရောပ မီဒီယာအစီအစဉ်နှင့် ပူးပေါင်းကာ ကမ္ဘာတစ်ဝန်းရှိ စောင့်ကြည့် သတင်းစာဆရာများကို ပံ့ပိုးကူညီနိုင်ရန်အတွက် ဒီဇိုင်းပြုလုပ်ထားခြင်း ဖြစ်သည်။

ပြုစုထားသော လက်စွဲစာအုပ်များကို www.investigative-manual.org တွင် ရှာဖွေလေ့လာနိုင်ပါသည်။

Konrad Adenauer Stiftung (KAS) သည် ဂျာမန်နိုင်ငံရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ မျိုးတုန်းသတ်ဖြတ်မှုများနှင့် ဒုတိယကမ္ဘာစစ် အတိတ်ဆိုးတိုးကို ကျော်လွှားခဲ့ရသည့် ဂျာမနီနိုင်ငံနှင့် ဂျာမန်နိုင်ငံသားများတို့အား ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရှေ့ဆောင်လမ်းပြ ခေါင်းဆောင်ပေးခဲ့သူ ဂျာမနီနိုင်ငံ၏ ပထမဆုံးသော အဓိပတိဖြစ်သည့် ကွန်နရက်အက်ဒီနော်ဝါကို ဂုဏ်ပြုသောအားဖြင့် အမည်ပေးထားခြင်းဖြစ်သည်။ ယနေ့တွင် ကမ္ဘာတစ်လွှားတွင် ရုံးခွဲပေါင်း ၁၂၀ ကျော် ဖွင့်လှစ်ထားပြီး ဒီမိုကရေစီ၊ ဆိုရှယ်-ဈေးကွက်စီးပွားရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို မြှင့်တင်ရေးအတွက် ကမ္ဘာအနှံ့ အကျိုးဆောင် ဆော်ဩလျက်ရှိသည်။