မည်သည့်သတင်းဖြစ်ရပ်မဆို စိတ်ကူးတစ်ခုမှ စတင်ခြင်းဖြစ်ရာ ဤအခန်းတွင် ထိုစိတ်ကူးများကို မည်သို့ စတင်ရမည်ကို ရှင်းပြထားပါသည်။ သတင်းစာများဖတ်ရင်း၊ သတင်းရင်းမြစ်များနှင့် စကားပြောဆိုခြင်း၊ ဩဇာလွှမ်းမိုးသူများနှင့် တွေ့ဆုံခြင်း၊ များပြားကျယ်ပြန့်သည့် ဖြစ်ပေါ်တိုးတက်မှုအသစ်တို့အပေါ် မျက်ခြေမပြတ်ရှိနေခြင်းတို့မှ စိတ်ကူးရနိုင်ပါသည်။ ဤအခန်းတွင် စက်ရပ်သတင်းများ၊ ခေါင်းကြီးသတင်းများကို စောင့်ကြည့်ပြီး လူမှုကွန်ရက်ဝက်ဘ်ဆိုက်များက မည်သည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း အဓိကအသားပေးတင်ပြပါမည်။ စုံစမ်းဖော်ထုတ်ခြင်းသတင်းပညာဟူသည်မှာ မသိရသည့်အရာများကို ရှာဖွေရင်း၊ ဘေးအန္တရာယ်များကို တွက်ဆရင်း သက်သောင့်သက်သာရှိသော အနေအထားတစ်ခုမှ မိမိကိုယ်ကို တွန်းအားပေးနေရခြင်း ဖြစ်ပေသည်။