အခန်း ၄ အချက်အလက်လုံခြုံရေး နည်းလမ်းများ

အခန်း ၄ အချက်အလက်လုံခြုံရေး နည်းလမ်းများ

စုံစမ်းဖော်ထုတ်သူ သတင်းသမားများသည် သုတေသနပြုလုပ်စဉ်အတွင်း မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာတို့ထဲတွင် အချက်အလက်ပေါင်း မြောက်များစွာကို သိမ်းဆည်းပြုစုထားတတ်ကြသည်။ သင့်ဒစ်ဂျစ်တယ်အချက်အလက်များကို ကာကွယ်ရန်နှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများရန်မှ ကင်းဝေးစေရန် မည်သို့ပြုရမည်ကို သင်သိထားသင့်သည်။ စုံစမ်းဖော်ထုတ်မှုဖြစ်စဉ်တစ်ခုအတွင်း အဓိကသတိကြီးကြီးထားရမည်မှာ အချိန်တိုင်း၌ သတင်းရင်းမြစ်များအားလုံးနှင့် ဆက်သွယ်မှုများကို လုံခြုံစေရန် ဖြစ်သည်။ ဤအခန်းတွင် ဒီဂျစ်တယ်လုံခြုံရေး စိန်ခေါ်မှုများအကြောင်းကို ဆွေးနွေးထားပြီး လုံခြုံသည့် အလုပ်ခွင်ဝန်းကျင်ကောင်းတစ်ခု ဖြစ်ပေါ်စေရန် သုံးစွဲနိုင်သည့် ဆော့ဖ်ဝဲအမျိုးမျိုး၊ နည်းပညာကိရိယာ အမျိုးမျိုးကို မိတ်ဆက်ပေးထားပါသည်။ အများသုံး ကွန်ပျူတာစနစ်များ (မက်ခ် နှင့် ဝင်းဒိုး) နှင့် စမတ်ဖုန်းများ (အန်းဒရွိုက်နှင့် အိုင်အိုအက်စ်) များကို အဓိက တင်ပြထားပါသည်။