၁.၃.၃။ Cloud အသုံးပြုခြင်း


အများအသုံးပြုလျုက်ရှိသော Dropbox၊ Google Drive သို့မဟုတ် OneDrive များသည် အခမဲ့သုံးခွင့်ရှိသည့်အပြင် သုံးရလွယ်ကူသော်လည်း အရေးကြီးသည့် ဖိုင်များကို မျှဝေရာတွင်မူ ယင်းတို့ကို မသုံးသင့်ပါ။ သင့်အချက်အလက် လုံခြုံမှုသည် ထိုဝန်ဆောင်မှုပေးသည့် ကုမ္ပဏီပေါ်တွင်သာ မူတည်နေသောကြောင့် ထိုအချက်အလက် စာရွက်စာတမ်းများ မည်သို့ဖြစ်သွားမည်ကို သင့်အနေဖြင့် ထိန်းချုပ်နိုင်မည် မဟုတ်ပါ။

အလိုလျောက် ကုဒ်ပြောင်းဝှက်စနစ် ပါဝင်ပြီးဖြစ်သော Cloud တစ်ခုမှာ BlauCloud ဖြစ်သည်။ ဤဝန်ဆောင်မှုသည် open-source တွင် အခြေခံထားသည်။ အချက်အလက်များကို ဂျာမနီတွင် သိမ်းဆည်းထားမည်ဖြစ်ရာ အသုံးပြုသူများသည် တင်းကျပ်သည့် ဂျာမန် အချက်အလက်လုံခြုံရေးဥပဒေ၏ အကျိုးကျေးဇူးကို ခံစားခွင့်ရကြမည်ဖြစ်သည်။ သို့တိုင် သင့်အချက်အလက်များကို သိမ်းဆည်းပေးထားခြင်းအပေါ်လည်း သင့်ဘက်မှ ယုံကြည်မှုရှိရန် လိုပေသေးသည်။