၁.၃.၆။ အချက်အလက်များကို ဖျက်ပစ်ခြင်း


အကယ်၍ သင့်သတင်းကို လူသိရှင်ကြားမဖြစ်စေလိုသူများက နောက်မှခြေရာခံလိုက်နေသည်ဟု ယုံကြည်ရပါက သင့်စက်ပစ္စည်းများအတွင်းရှိ အချက်အလက်များကို သုတ်သင်ဖယ်ရှားထားရန်မှာ ရွေးချယ်ရမည့်နည်းလမ်းတစ်ခု ဖြစ်လာနိုင်သည်။ အကယ်၍ ထိုသို့ ဖျက်ပစ်လိုက်ရတော့မည်ဆိုလျှင် သင့်စက်ပစ္စည်းက ပံ့ပိုးထားသည့် Delete သို့မဟုတ် Erase ဟူသည့် လုပ်ဆောင်ချက်များကိုချည်း အားမကိုးပါနှင့်။ ထိုသို့လုပ်ခြင်းအားဖြင့် သင့် Hard Drive အတွင်းမှ စာရွက်စာတမ်းများကို အကုန်အစင် လက်စဖျောက်နိုင်ခြင်း မရှိပါ။ အလွယ်တကူ ရှာဖွေရရှိနိုင်ပါသည်။ ဤသို့ ဖျက်ပစ်သည့်နည်းသည် USB များ၊ ဒစ်ဂျစ်တယ်ကင်မရာများတွင် ဖျက်ပစ်သည့်နည်းတူ ဖြစ်ပါသည်။ ထိုသို့ပြုမည့်အစား ရှိရင်းစွဲဖိုင်များကို အကဲမဆတ်သည့် ဖိုင်အသစ်များနှင့် အစားထိုးပစ်ခြင်းက ပိုကောင်းပါသည်။ ထိုအတွက် အသုံးပြုနိုင်သည့် နည်းပညာကိရိယာများမှာ ဝင်းဒိုးအတွက် Eraser နှင့် Secure Eraser၊ Mac အတွက် Super Eraser တို့ ဖြစ်ပါသည်။

ထိုဆော့ဖ်ဝဲများကို http://eraser.heidi.ie, http://www.secure-eraser.com သို့မဟုတ် http://www.doyourdata.com/data-erase-software/super-eraser.html တို့တွင် ရရှိနိုင်ပါသည်။