အခန်း ၅။ သုတေသန၊ သုတေသန၊ သုတေသန

အခန်း ၅။ သုတေသန၊ သုတေသန၊ သုတေသန

ဤအခန်းတွင် စုံစမ်းဖော်ထုတ်သူ သတင်းသမားတစ်ဦး လုပ်ငန်းစတင်နိုင်ရန်လိုအပ်သည့် အခြေခံသုတေသန စွမ်းရည်များအကြောင်း ဆွေးနွေးတင်ပြသွားပါမည်။ သတင်းသမားတစ်ဦးသည် အချက်အလက်ရှာဖွေဖော်ထုတ်ခြင်း၊ စာရွက်စာတမ်းများကိုခြေရာခံခြင်းနှင့် အင်တာနက်မှ ထပ်မံသုတေသနပြုလုပ်ခြင်းစသည့် အခြေခံနည်းနာများကို သိရှိထားရန်၊ ကျွမ်းကျင်ထားရန် လိုအပ်ပါသည်။ သတင်းအများစုသည် အရည်အသွေးပိုင်းဆိုင်ရာ အချက်အလက်များကို ဆန်းစစ်ရန်လိုအပ်သည့်အတွက် စုံစမ်းဖော်ထုတ်သူသတင်းသမားတစ်ဦးအနေဖြင့် အခြေခံ ကျွမ်းကျင်မှုများရှိနေရန် အရေးကြီးပါသည်။