၁။ သတင်း မည်သို့ရေးမည်နည်း။

၁။ သတင်း မည်သို့ရေးမည်နည်း။


စာဖတ်သူများ၏ စိတ်ဝင်စားမှုကို ရရှိစေနိုင်မည့်သတင်းတစ်ပုဒ်ဖြစ်လာစေရန် သင့်သတင်းရေးသားမှု၏ နှလုံသည်းပွတ်တိုင် ရောက်ရှိကာ အားအကောင်းဆုံး ပုံရိပ်များကိုလည်း ဖော်ပြနိုင်ရန်လိုသည်။ စာဖတ်သူတစ်ဦး၏အာရုံကို ဖမ်းစားနိုင်ရန် အမေရိကန်အကြီးတန်းသတင်းထောက်တစ်ဦးဖြစ်သည့် စတီဖင် ဖရန်ကလင်က ပုဂ္ဂလိကသဘော မြင့်မြင့်မားမား ပါဝင်သည့် သတင်းနိဒါန်းဖြင့် သတင်း၏ကနဦးမြင်ကွင်းကို အားကောင်းကောင်း ဖွင့်လှစ်နိုင်ရန် အကြံပြုထားပါသည်။ ထိုအတွက် အလွန်အခြေခံကျသည့် အသေးစိတ်ခြယ်မှုန်းမှုကလေးများ လိုအပ်ကြောင်း သူက ထပ်လောင်းပြောဆိုသည်။ ထိုအဖြစ်အပျက် အပြည့်အစုံကို နောက်မှ ဖော်ပြနိုင်သည်။ သို့သော် သင်ကိုယ်တိုင် တွေ့ရှိသည်ကို ရိုးရိုးသားသားရေးနိုင်ခြင်းက ပိုကောင်းသည်။ သင့်သတင်းဖြစ်ရပ်၏ ရေးဟန်နှင့် လိုက်ဖက်ခြင်းမရှိသည့်၊ အဖြစ်အပျက်တစ်ခုကို သည်းခြေကြိုက်ဖြစ်အောင် ရည်ရွယ်သည့် ပုံရိပ်များကို ဖန်တီးထည့်သွင်းရန် မကြိုးစားပါနှင့်။ သင့် စာဖတ်ပရိသတ်တို့၏ ယုံကြည်မှုကို ရရှိရန် မရှိမဖြစ် အရေးကြီးသည်။ အဖြစ်မှန် ဖြစ်ပုံမရသည့် ဇာတ်ကြောင်းပြောဟန်ဖြင့် စတင်လိုက်ခြင်းက စာဖတ်ပရိသတ်၏ ယုံကြည်မှုရရန် အားထုတ်မှုကို ပျက်စီးစေမည်ဖြစ်သည်။

သတင်းတစ်ပုဒ်လုံးတွင် သင့်တွေ့ရှိချက်များကို အနှစ်ချုပ်ကာ အချက်အလက်များ အားဖြည့်ဖော်ပြ၍ အဆုံးထိ ဆွဲခေါ်သွားရမည်။ စကားလုံး အမှုမဲ့ အမှတ်မဲ့ သုံးစွဲမှု သို့မဟုတ် သင့်အထောက်အထားများအား မှန်သယောင်ထင်ရသည့် ရလဒ်တစ်ခုနှင့် ဆက်စပ်မှုတို့ကို လုပ်မိခြင်းအားဖြင့် သင့်သတင်းကို စိတ်ပျက်စရာ မဖြစ်သွားစေသင့်ပါ။ အကယ်၍ သင် အကောင်းဆုံးရေးနိုင်ခဲ့လျှင်ပင် သင့်သတင်းသည် ရေပက်မဝင်အောင် ခိုင်လုံမည်ဟုတော့ မဆိုနိုင်သေးပါ။ အဆိုးဆုံးဖြစ်ခဲ့လျှင်တော့ ဂုဏ်သိက္ခာထိခိုက်ညှိုးနွမ်းစေမှုဖြင့် တရားဆွဲခံရပြီး သင့်အပေါ် ယုံကြည်လက်ခံမှုကို ထိခိုက်စေလိမ့်မည်။

ထည့်သွင်းစဉ်းစားသင့်သည့် အချို့အချက်များကို ဤတွင် ဖော်ပြလိုက်ရပါသည်။