၁.၃.၂။ စဉ်းစားမြင်ယောင်ခြင်း


ဇာတ်ကြောင်းပြန် ချဉ်းကပ်နည်းအတွက် သင်လိုအပ်သည့် ရင်သပ်ရှုမောဖွယ် အခန်းများကို ရရှိနိုင်သည့် နည်းလမ်းတစ်ခုမှာ အဆင်အပြင်နှင့် ဒီဇိုင်းတို့သည် သင်၏ တာဝန်မဟုတ်သည့်တိုင် နိမိတ်ပုံများနှင့် သာဓကများကို သုံးသပ်ဆင်ခြင်၍ စဉ်းစားမြင်ယောင်ခြင်း ဖြစ်သည်။ ယာယီ သတင်းခေါင်းစဉ်တစ်ခုကို ပြောင်းလဲပြုပြင်ခြင်းကဲ့သို့ ပြုဖွယ်ဆောင်တာများက သင့်အား သင့်သတင်းဆောင်းပါး၏ အဓိကဆိုလိုရင်းကို အာရုံစူးစိုက်ရန် ထောက်ကူပေးပြီး သတင်းဆောင်းပါး၏ အာဘော် မပျောက်ပျက်စေရန်လည်း သေချာစေသည်။ သင်သည် သေချာသည့် အချက်အလက်များ၏ ဇယားပုံစံအတွက် စီစဉ်ထားပါက သင့်သတင်းဆောင်းပါးမှ တူညီနေသော အချက်အလက်များ၏ အတော်ပင် ငြီးငွေ့ဖွယ်ရာကောင်းသည့် စာရင်းကို ချန်လှပ်ထားခဲ့နိုင်သည်။ သို့သော်လည်း စဉ်းစားမြင်ယောင်ခြင်းက သင်၏ အပြီးသတ် သတင်းဆောင်းပါးကို အခြားနည်းလမ်းများဖြင့် ထောက်ပံ့ပေးနိုင်သည်များမှာ

  • >   လိုအပ်သည့် မြေပုံများ၊ ဇယားပုံစံများ၊ ဂရပ်များ သို့မဟုတ် ရုပ်ပုံများနှင့် ပတ်သက်သည့် ကြိုတင် သတိပေးမှုကို ရရှိနိုင်သဖြင့် သင်၏ သတင်းဆောင်းပါးကို မွမ်းမံပံ့ပိုးပေးခြင်း
  • >   သတင်းဆောင်းပါးများအား စာမျက်နှာပေါ် တင်ရာတွင် ပြင်ဆင်ဖွဲ့စည်းသည့် သူများ၏ ကူညီပံ့ပိုးမှုဖြင့် ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူဖြစ်စေခြင်း
  • >   ဆောင်းပါးအတွက် အကောင်းဆုံး ရုပ်ပုံများကို စဉ်းစားရာတွင် သူတို့၏ ကျွမ်းကျင်မှုဖြင့် ရေးဆွဲနိုင်သည့် သင်၏ လုပ်ဖော်ကိုင်ဖက် ဓာတ်ပုံဆရာများအား အထောက်အကူဖြစ်စေခြင်း
  • >   ရေးသားဖော်ပြရသည့် စကားလုံးများကို အနားပေးရန် ကူညီပေးနိုင်သည့် ရုပ်ပုံများအား သင့် ဦးနှောက်အတွင်းသို့ ထည့်သွင်းပေးခြင်း
  • >   စာသားချည်း သက်သက်ထက် ကောင်းစွာ ရွေးချယ်ထားသည့် ရုပ်ပုံ သို့မဟုတ် ထင်ရှားပေါ်လွင်သည့် ဇယားပုံစံများမှ ပိုမိုလေ့လာသင်ယူနေသော စာဖတ်သူများနှင့် သာလွန်ကောင်းမွန်စွာ ဆက်သွယ်မိ စေရန် ကူညီပေးခြင်း။ ၎င်းတို့ အဆိုအရ ရုပ်ပုံတစ်ခုသည် စကားလုံးပေါင်း တစ်ထောင်နှင့် တန်ဖိုး ညီမျှသည်။