အခန် ၃။ အစီအစဉ် ရေးဆွဲခြင်း

အခန် ၃။ အစီအစဉ် ရေးဆွဲခြင်း

စုံစမ်းဖော်ထုတ်မှုသတင်းတစ်ပုဒ်အတွက် လျှောက်လှမ်းရမည့် အဆင့်များကို ဤအခန်း၌ လေ့လာနိုင်သည်။ မိမိကိုယ်ကိုယ် မေးခွန်းထုတ်ခြင်း၊ ရင်းမြစ်များကို စုဆောင်းခြင်း၊ သတင်းကျောရိုးတည်ဆောက်ခြင်းနှင့် ကျခံသုံးစွဲရမည့် စရိတ်များကို ရှာဖွေပြင်ဆင်ခြင်း စသဖြင့် ဤအခန်း၌ ဖော်ပြထားသည့် ဥပမာများကိုကြည့်လျှင် ကြိုတင်ပြင်ဆင်စီမံထားခြင်းက မည်သည့် စုံစမ်းဖော်ထုတ်မှုသတင်းပရောဂျက်အတွက်မဆို နှာတစ်ဖျားသာစေမည်ဖြစ်ကြောင်း သိသာပါလိမ့်မည်။ ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များကို မည်ကဲ့သို့ ခွဲခြားဖော်ထုတ်မည်လဲ၊ သတင်း၏အသေးစိတ်အချက်အလက်များကို မည်သို့ပုံဖော်ယူမည်လဲ၊ အချက်အလက်အထောက်အထားအခြေပြု သတင်းရေးသားရာ၌ စိတ်ဝင်စားဖွယ်တင်ဆက်မှုဖြစ်အောင် မည်သို့ပြုရမည်လဲ စသည်တို့ကို ဤအခန်း၌ မိတ်ဆက်ပေးထားပါသည်။