၁.၃.၁။ Firewalls၊ anti-virus ဆော့ဖ်ဝဲများနှင့် and host intrusion prevention


Firewall များက အင်တာနက်မှ ဝင်ချည်ထွက်ချည်ဖြစ်နေသော သတင်းအချက်အလက်များကို စောင့်ကြည့်ထိန်းချုပ်ပေးသည်။ အရက်ဘားတွင် လူရမ်းကားများ ဝင်ရောက်ခြင်းမပြုနိုင်ရန် စောင့်ကြပ်ပေးနေသည့် တံခါးစောင့်သဖွယ်ဖြစ်သည်။ ဝင်ရောက်လာမည့် သတင်းအချက်အလက်တစ်ခုချင်းစီအား ဝင်ရောက်ခွင့်ပြုမည် သို့မဟုတ် သင့်ကွန်ရက်အတွင်းသို့ အသေးစိတ်အချက်အလက်များ ပေးပို့လာခြင်းကို လက်ခံမည် ဟူသည့်အချက်များအား Firewall များက အဆုံးအဖြတ်ပေးကြသည်။ Firewall မရှိလျှင် တံခါးဟင်းလင်းဖွင့်ထားသည်နှင့်တူပြီး သင့်စက်ပစ္စည်းအတွင်းသို့ Malware များ အလွယ်တကူ ဝင်ရောက်လာပေမည်။ စက်ပစ္စည်းအများစုတွင် Firewall များ အလုပ်လုပ်နိုင်ရန် သင်ကိုယ်တိုင် ခွင့်ပြုထားနိုင်သည်။ ထို့ပြင် အခြားလုံခြုံရေးဆော့ဖ်ဝဲများဖြစ်သည့် McAfee၊ BitDefender နှင့် Kaspersky တို့ကို အသုံးပြုရန်လည်း တိုက်တွန်းလိုပါသည်။

သင့်စက်ပစ္စည်းအတွင်းသို့ စိတ်ချရခြင်းမရှိသည့် အင်တာနက်ကွန်ရက်မှ အချက်အလက်များ စီးဝင်လာခြင်းကို ထိန်းချုပ်ရမည့်အပြင် သင့်လုပ်ကိုင်မှုများကို စောင့်ကြည့်ပြီး၊ စကားဝှက်ကဲ့သို့သော အရေးကြီးအချက်အလက်များကို ရယူနိုင်သည့် Malware များအန္တရာယ်မှလည်း သင့်စက်ပစ္စည်းကို ကာကွယ်ထားသင့်သည်။ Anti-virus ဆော့ဖ်ဝဲများကလည်း သင့်စက်ပစ္စည်းအတွင်းမှ Malware များကို ရှာဖွေကာ ၎င်းတို့၏ ဝင်ရောက်ရှာဖွေမှုကို ပိတ်ဆို့ပြီး ဖယ်ရှားရှင်းလင်းပေးသည်။ ထိုဆော့ဖ်ဝဲများသည် သင့်ကွန်ပျူတာအတွက်သာမက မိုဘိုင်းဖုန်းများအတွက်လည်း မဖြစ်မနေ ရှိရန်လိုအပ်သည်။

အကြံပြုတိုက်တွန်းလိုသော ဆော့ဖ်ဝဲများ
Windows နှင့် Linux ကွန်ပျူတာများအတွက် – ESET, Kaspersky နှင့် BitDefender
Apple ကွန်ပျူတာများအတွက် – Microworld, BitDefender နှင့် AVG
Android ဖုန်းများအတွက် – Avast Mobile Security
iPhone များအတွက် – Norton နှင့် Lookout

လူအများစုက Firewall များအကြောင်း သိထားကြပြီး Anti-virus ဆော့ဖ်ဝဲ အနည်းဆုံး တစ်ခုခုကို တပ်ဆင်ထားကြသည်။ သို့သော် အသုံးပြုဆဲအချက်အလက်များကို အပြည့်အဝကာကွယ်နိုင်ရန်အတွက် host intrusion prevention (HIP) စနစ်တစ်ခု တပ်ဆင်ထားသင့်သည်။ ဤလုံခြုံရေးစနစ်က စက်ပစ္စည်း၏ စနစ်နှင့် ကွန်ရက်တို့ကို စောင့်ကြည့်ကာ လုပ်ငန်းစဉ်များအားလုံး သဘာဝကျကျ ဆောင်ရွက်ခြင်းမရှိ၊ ပေါ်လစီတစ်ခုခုအား ချိုးဖောက်နေသည်ကို တွေ့ရှိရပါက အကြောင်းကြားပေးမည် ဖြစ်သည်။ Malware များကို ရှာဖွေတွေ့ရှိနိုင်ရန် သင်၏သုံးစွဲမှုအလေ့အထနှင့် သုံးစွဲပုံများအား HIP က နှိုင်းယှဉ်စစ်ဆေးကြည့်မည် ဖြစ်သည်။ ဤလုံခြုံရေးပါဝင်သည့် ဆော့ဖ်ဝဲတစ်ခုမှာ McAfee ဖြစ်သည်။

ရုတ်တရက်ကြည့်လိုက်လျှင် အကြံပြုထားသော လုံခြုံရေးဆော့ဖ်ဝဲများအားလုံးကို တပ်ဆင်ထားရမည်မှာ စိတ်မသက်သာဖွယ်ရာ ဖြစ်နိုင်သည်။ သို့သော် ထိုသုံးမျိုးလုံးပါဝင်သည့် ဆော့ဖ်ဝဲအချို့ရှိသည်။ အဆိုးဆုံးအခြေအနေတစ်ခုမှာ သီးခြားဆော့ဖ်ဝဲသုံးခု တပ်ဆင်ပါက တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူပေးနိုင်သည့် အခြေအနေ နည်းပါးသောကြောင့် အားလုံးပါဝင်သည့် ဆော့ဖ်ဝဲများကို အသုံးပြုရန်သာ တိုက်တွန်းလိုပါသည်။ မည်သည့်ကွန်ပျူတာစနစ်တွင်မဆို အသုံးပြုနိုင်သည့် ဆော့ဖ်ဝဲများမှာ McAfee၊ BitDefender သို့မဟုတ် Kaspersky တို့ဖြစ်သည်။ များစွာသော အဖွဲ့အစည်းများနှင့် နည်းပညာမဂ္ဂဇင်းများက လုံခြုံရေးဆော့ဖ်ဝဲထုတ်လုပ်သူများစွာတို့၏ ဆော့ဖ်ဝဲများကို စမ်းသပ်ကာ ၎င်းတို့၏ လုံခြုံထိရောက်မှုတို့ကို နှစ်စဉ် အဆင့်သတ်မှတ် ထုတ်ပြန်ပေးလျက်ရှိသည်ကို သိရှိထားရန် လိုအပ်ပါသည်။ မည်သည့်လုံခြုံမှုဆော့ဖ်ဝဲဝန်ဆောင်မှုအမျိုးအစားကိုမဆို ရွေးချယ်ရန်အတွက် သေချာ တွက်ချက်စဉ်းစားပြီးမှ ဆောင်ရွက်သင့်ပါသည်။ ထိုအတွက် သင့်အား အထောက်အကူပြုနိုင်သည့် ဝက်ဘ်ဆိုဒ်တစ်ခုမှာ www.av-test.org/en/ ဖြစ်ပါသည်။