၁.၄.၂။ စာသားမက်ဆေ့ချ် လုံခြုံစွာပေးပို့ခြင်း


နောက်ဆုံးပေါ်ဆက်သွယ်ရေးရေစီးကြောင်းများသည် အီးမေးလ်ကိုပင် များစွာမသုံးတော့ဘဲ WhatsApp၊ Telegram၊ Facebook Messenger သို့မဟုတ် Snapchat ကဲ့သို့ ချက်ချင်းသတင်းစကားပေးပို့နိုင်သည့် စနစ်များပေါ် ပိုမိုအားကိုးလာကြသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သတင်းအချက်အလက် သို့မဟုတ် စာရွက်စာတမ်းများကို ကမ္ဘာတစ်လွှားသို့ ပေးပို့နိုင်လာကြသည်။ WhatsApp ကဲ့သို့ စာသားမက်ဆေ့ချ်ပေးပို့ခြင်းဝန်ဆောင်မှု ပေးသူများက သူတို့၏ဝန်ဆောင်မှုတွင် ပေးပို့သည်မှ လက်ခံရရှိသည့်အဆုံးထိ ကုဒ်ပြောင်းဝှက်မှု ပါဝင်ကြောင်း ကြော်ငြာကြသည်။ သို့သော် ပြီးပြည့်စုံသော လုံခြုံမှုကိုတော့ မည်သူကမျှ မပေးနိုင်။ ယေဘုယျအားဖြင့် လျှို့ဝှက်သတင်းအချက်အလက်များကို မက်ဆေ့ချ်ပေးပို့သည့် ဆော့ဖ်ဝဲများသုံးခြင်းမှာ အန္တရာယ်များပါသည်။ ထို့ထက်ပို၍ လုံခြုံမှုရှိသော အစမှအဆုံး ကုဒ်ပြောင်းဝှက်မှုပါဝင်သည့် မက်ဆေ့ချ်ပေးပို့မှု ဆော့ဖ်ဝဲအချို့ ရှိသည်။ ဥပမာ Signal၊ Telegram သို့မဟုတ် Wire တို့ဖြစ်သည်။ ယင်းတို့သည် iOS တွင်ရော အင်းဒရွိုက်တွင်ပါ သုံးနိုင်ကြသည်။

ထိုဆော့ဖ်ဝဲများနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် signal.orgtelegram.org သို့မဟုတ် wire.com တို့တွင် ကြည့်ပါ။