၁.၄.၃။ အများသုံးစက်ပစ္စည်းများကို လုံခြုံစွာအသုံးပြုခြင်း

၁.၄.၃။ အများသုံးစက်ပစ္စည်းများကို လုံခြုံစွာအသုံးပြုခြင်း


အများသုံးစက်ပစ္စည်းများကို တတ်နိုင်သမျှ ရှောင်ပါ။ မိမိပိုင် စက်ပစ္စည်းများတွင် လုံခြုံစွာဆက်သွယ်နိုင်အောင် စီမံရသည်မှာ ပိုမိုလွယ်ကူပါသည်။ အများသုံး စက်ပစ္စည်းတစ်လုံးသည် ရှေ့တွင် မည်သူသုံးထားမှန်း မသိနိုင်သည့်အတွက် မည်သို့သော malware များ တပ်ဆင်ထားသည်ကိုလည်း မသိနိုင်ပါ။ အကယ်၍ အများသုံး စက်ပစ္စည်းတစ်ခုကို သုံးဖို့လိုလာပါက သင်နှင့်အတူ boot လုပ်၍ရသည့် USB တစ်ခု ယူဆောင်သွားပါ။ ထို USB ကို သုံးခြင်းအားဖြင့် မိမိ၏ ယာယီOS ကို တပ်ဆင်အသုံးပြုရာရောက်ပြီး အများသုံး စက်ကိရိယာအတွင်းမှ လုပ်ဆောင်ချက်များကို သုံးရန်မလိုတော့ပါ။ အချက်အလက်များကို ကွန်ပျူတာက ခေတ္တမှတ်သားရာ RAM အတွင်း သိမ်းဆည်းထားမည်ဖြစ်ပြီး ယင်းမှာ ခဏပိုင်းသာ ထိုမှတ်ဉာဏ်ထဲတွင် ရှိနေမည်ဖြစ်သည်။ ထိုကွန်ပျူတာကို သင်ပိတ်လိုက်သည့်အခါ သင့်အချက်အလက်နှင့် လုပ်ဆောင်မှုများသည် အများသုံး စက်ပစ္စည်းထဲတွင် ဘာဆိုဘာမျှ ကျန်နေတော့မည် မဟုတ်ပေ။

Boot လုပ်၍ရသည့် USB များကို အခြား OS ဖြင့် သုံးလိုပါကလည်း အသုံးပြုနိုင်သည်။ ဥပမာ သင့် USB ထဲတွင် Linux စနစ် ထည့်သွင်းထားပါက သင့်ဝင်းဒိုးကွန်ပျူတာတွင် ယင်း USB နှင့် Boot လုပ်လိုက်သည့်အခါ Linux စနစ်အတိုင်း စက်က ပွင့်လာမည်ဖြစ်သည်။ သို့သော် သတိထားရမည်မှာ သင့်ကွန်ပျူတာတွင် အချက်အလက်များ သိမ်းဆည်းထား၍ ရလိမ့်မည် မဟုတ်ချေ။ Boot လုပ်နိုင်သည့် USB တစ်ခုကို ဖန်တီးရန်မှာ မလွယ်ကူချေ။ အကယ်၍ ဤနည်းလမ်းကို သုံးရန် ဆုံးဖြတ်ထားပါက လုပ်ပုံလုပ်နည်း လမ်းညွှန်ရုပ်သံဖိုင်များကို အင်တာနက်ပေါ်တွင် ရှာဖွေလေ့လာနိုင်ပါသည်။

ထို့ပြင် အခမဲ့ အားလုံးအသုံးပြုရန် ဖွင့်ပေးထားသည့် ဝိုင်ဖိုင်များကိုလည်း ရှောင်ရှားသင့်သည်။ ထိုဝိုင်ဖိုင်ကွန်ရက်အတွင်း အခြားမည်သူက သုံးစွဲနေမည်လဲ မသိနိုင်သလို ထိုသူက သင့်အပေါ် အန္တရာယ်ပြုနိုင်,မပြုနိုင်ကိုလည်း မသိနိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ အခမဲ့ ဝိုင်ဖိုင်များကို ချိတ်ဆက်ဖို့လိုပါက VPN ကို အသုံးပြု၍သာ အင်တာနက်သုံးသင့်ပါသည်။ ဤနည်းဖြင့် ပုဂ္ဂလိကလုံခြုံမှု အနည်းအကျဉ်းကိုတော့ ရရှိနိုင်ပေမည်။

Window 10 OS တွင် USB ဖြင့် boot လုပ်သည့် နမူနာတစ်ခုကို

တွင် ကြည့်ရှုနိုင်ပါသည်။


လုံခြုံမှုရှိသည့် အပြောင်းအလဲတစ်ခု – လင်းနက်စ် (Linux)

လင်းနက်စ်(Linux)သည် ကွန်ပျူတာသိပ္ပံပညာရှင်များ အများဆုံးအသုံးပြုကြသည့် ကွန်ပျူတာနှင့် စမတ်ဖုန်း operating system (OS) တစ်ခုဖြစ်ပြီး လက်ရှိတွင် လုံခြုံမှုအမြင့်မားဆုံးလည်း ဖြစ်သည်။ ယနေ့ခေတ်တွင် ထို OS တစ်ခုလုံးကိုရော ယင်းနှင့် တွဲဖက်သုံးနိုင်သည့် ဆော့ဖ်ဝဲများကိုပါ အခြား OS များမှာလိုပင် အလွယ်တကူရရှိနိုင်ပြီဖြစ်ပြီး ယင်းတို့ထဲမှ အသုံးများသည်မှာ ‘Ubuntu’၊ ‘openSUSE’၊ ‘Debian’၊ ‘Mint’ နှင့် ‘Elementary OS’တို့ ဖြစ်ကြသည်။

လင်းနက်စ်သည် အခမဲ့၊ open-source ဖြစ်ပြီး ပြုပြင်ပြောင်းလဲရန် လွယ်ကူသည်။ source code error များနှင့် security bugs များကို မည်သူမဆို ကူညီပြင်ဆင်ပေးနိုင်သောကြောင့် အလားတူပြဿနာများကို အခြား OS များမှာ ကြုံတွေ့ရသည်ထက် လျှင်မြန်စွာ ပြေလည်သွားစေသည်။ ထို့ပြင် Window နှင့် Apple တို့လောက် လူသုံးမများသောကြောင့် Linux ပလက်ဖောင်းတွင် ဗိုင်းရပ်စ် အတွေ့ရနည်းသည်။ နှစ်စဉ်နှစ်တိုင်း Linux က ယင်းတို့၏ အကောင်းဆုံးဖြန့်ဖြူးမှုများစာရင်းကို ထုတ်ပြန်ပေးသည်။

Linux နှင့်ပတ်သက်၍ အကျဉ်းချုပ်ရှင်းလင်းချက်ကို https://www.youtube.com/watch?v=JsWQUOEL0N8 တွင် ကြည့်ရှုနိုင်ပါသည်။

ဖြန့်ချိမှုများနှင့် ပတ်သက်သည့် လင့်ခ်များကို tails.boum.org (USB များတွင်ပါ သုံးစွဲနိုင်ပြီး လုံခြုံစိတ်ချရမှု အမြင့်မားဆုံး)၊ elementary.io (ဒီဇိုင်းအထားအသို အကောင်းဆုံး)၊ www.ubuntu.com (အကျော်ကြားဆုံးနှင့် laptop များအတွက် အဆင်ပြေ)၊ www.opensuse.org (သုံးစွဲရလွယ်ကူ)၊ www.debian.org (ဆာဗာထားရှိရန် ကောင်းမွန်) နှင့် www.linuxmint.com (သုံးစွဲရလွယ်ကူ) တို့တွင် တွေ့နိုင်ပါသည်။