၂။ လုံခြုံစွာ ဖုန်းခေါ်ဆိုခြင်း


ဖုန်းနှင့်ပြောဆိုခြင်းကို အခြားသူများက လွယ်ကူစွာကြားဖြတ်နားထောင်နိုင်သောကြောင့် သတင်းအရင်းအမြစ် ပုဂ္ဂိုလ်များနှင့် လျှို့ဝှက်သင့်သည့် အကြောင်းအရာများကို ပြောဆိုရာတွင် လူချင်းတွေ့ဆုံပြောဆိုရန် လိုပါသည်။ လူအများသိနေကြသည့် Skype ကဲ့သို့သော ဝန်ဆောင်မှုများသည် ဆက်သွယ်မှု အစမှအဆုံးထိ ကုဒ်ပြောင်းဝှက်မှုရှိသည်ဟု အာမ,မခံနိုင်ပါ။ လိုင်းဖုန်း၊ ကြိုးမဲ့ဖုန်းများသည်လည်း ရာနှုန်းပြည့် လုံခြုံသည်ဟု အာမ,မခံနိုင်ပါ။

သတင်းရင်းမြစ်နှင့် တွေ့ဆုံရန် တစ်နေရာသို့ သွားရောက်ပါက ဆက်သွယ်မှုဧရိယာပြင်ပ ဖြစ်သွားစေရန် ဖုန်းကို ပိတ်ကာ၊ သေချာအောင် ဘတ္ထရီကိုပါဖြုတ်ပြီး အိမ်တွင် ထားရစ်ခဲ့ပါ။ ထို့ပြင် လျှပ်စစ်သံလိုက်လှိုင်းများကို ဖြတ်တောက်နိုင်သည့် Faraday Cage ဖုန်းဘူးများကိုလည်း အသုံးပြုနိုင်သည်။ ဝီကီလိခ် ပေါက်ကြားမှုများဖြင့် ကျော်ကြားခဲ့သည့် အက်ဒ်ဝပ်ဒ် စနိုဒင်၏ နည်းလမ်းမှာ ဆက်သွယ်မှုများ၏ လုံခြုံစိတ်ချရမှုကို အာမခံနိုင်ရန် ဖုန်းကို ရေခဲသေတ္တာထဲတွင် ထည့်သိမ်းထားခြင်း ဖြစ်သည်။

ထို့ပြင် သင့်အနေဖြင့် ဖုန်းပေါ်ရှိ အက်ပ်များကိုလည်း ကန့်သတ်ထားလိုပေလိမ့်မည်။ အက်ပ်တစ်ခု တပ်ဆင်လိုက်တိုင်း စက်အတွင်းမှ အချို့သော အချက်အလက်များနှင့် လုပ်ဆောင်ချက်များကို ဝင်ရောက်သုံးစွဲခွင့်ပြုတောင့် ခွင့်တောင်းခံလေ့ရှိရာ ယင်းသည် ပြင်ပရင်းမြစ်များ၏ မလုံခြုံမှုကို ရင်ဆိုင်ရစေနိုင်သည်။ ကိန်းဘရစ်ချ် အနာလီတီကာ အရှုပ်တော်ပုံကို ကြည့်လိုက်လျှင် ထင်မှတ်ထားသည့် အက်ပ်များမှ လူသန်းပေါင်းများစွာ၏ သတင်းအချက်အလက်များကို ယူငင်ကာ လူအများ သဘောတူစရာမရှိသည့် နည်းလမ်းအတွက် အသုံးချခဲ့သည်ကို တွေ့ရနိုင်ပေသည်။ အကယ်၍ သင့်တွင် ထိုအက်ပ်ရှိပါက သင့်ဖုန်း၏ ဆက်တင်ထဲတွင် အချက်အလက်ရယူမှု ခွင့်ပြုချက်များကို ကန့်သတ်ထားပါ။ သို့သော် ထိုသို့ ခွင့်ပြုချက်ပေးမထားပြန်လျှင်လည်း ထိုအက်ပ်က အလုပ်ဖြစ်တော့မည် မဟုတ်ချေ။

ရှင်းလင်းပြပေးသည့် ရုပ်သံမှတ်တမ်းများကို ကြည့်ရှုနိုင်မည့် နောက်ထပ် လင့်ခ်များစွာကို investigative-manual.org တွင် ကြည့်နိုင်ပါသည်။


ဤအခန်း၏ ရည်ရွယ်ချက်သည် လုံခြုံသော အလုပ်ခွင်ဝန်းကျင်ကောင်းတို့၏ အရေးပါမှုကို သိရှိနိုင်ရန်နှင့် စုံစမ်းဖော်ထုတ်မှုဖြစ်စဉ်တစ်ခုအတွင် ရာနှုန်းပြည့် လုံခြုံမှုရှိရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း ရှင်းလင်းသိသာစေရန် ဖြစ်ပါသည်။ နောက်အခန်းတွင် သင့်စုံစမ်းဖော်ထုတ်မှုကို မည်သို့ပုံဖော်ရမည်၊