အခန်း ၈။ သတင်းရေးသားခြင်း

အခန်း ၈။ သတင်းရေးသားခြင်း

ထူးချွန်စွာ စုံစမ်းဖော်ထုတ်ထားသောသတင်းတစ်ပုဒ်သည် ကောင်းမွန်စွာဖွဲ့စည်းရေးသားနိုင်ခြင်းမရှိလျှင် ကြွကြွရွရွ ရှိလိမ့်မည် မဟုတ်ချေ။ စာဖတ်သူ၏ ယုံကြည်စိတ်ချမှုကိုလည်း ရရှိရန်လိုအပ်သည်ဖြစ်ရာ အချက်အလက်များကို အချိန်နှင့်တပြေးညီ အသစ်ဖြည့်ဖော်ပြနိုင်ရန် လိုပါသည်။ သင့်စုံစမ်းဖော်ထုတ်မှုကို ယုံကြည်စိတ်ချထိုက်ကြောင်း အတည်ပြုပေးသည့် သက်ဆိုင်သော၊ ထင်ရှားကျော်ကြားသော လူပုဂ္ဂိုလ်များ၏ ပြောဆိုချက်များကို ထည့်သွင်းအသုံးပြုခြင်းဖြင့် သင့်သတင်းသည် ပို၍ ဖတ်ချင်ဖွယ်ရာ ဖြစ်လာပါလိမ့်မည်။ သင့်စုံစမ်းဖော်ထုတ်မှု၏ ရှုပ်ထွေးသော အကြောင်းအချက်မျက်နှာစာများကို စာဖတ်သူနားလည်စေရန် ဂရပ်ဖ်ပုံများ၊ ကိန်းပြပုံများနှင့် သရုပ်ပြပုံများ သုံးစွဲခြင်းကလည်း အသုံးဝင်ပါသည်။