၁.၂.၁။ ပြောဆိုမှုကောက်နုတ်ချက်များ အသုံးပြုခြင်း

၁.၂.၁။ ပြောဆိုမှုကောက်နုတ်ချက်များ အသုံးပြုခြင်း


ပြောဆိုမှုကောက်နုတ်ချက်များကို သတင်းဆောင်းပါး တစ်ခုလုံးအား သိရှိစေရန်မဟုတ်ဘဲ တင်ပြမှု အတွက်သာ အသုံးပြုပြီး အချက်အလက်များ ဖြည့်သွင်းရန်အတွက်သာ ထပ်ခါတလဲလဲ မဟုတ်ဘဲ အသုံးပြုပါ။ ပြောဆိုမှု ကောက်နုတ်ချက်များကို အခြေခံအကြောင်းရင်းနှင့် ဖြစ်ရပ်မှန် သတင်းအချက်အလက်များအား တင်ပြရာတွင် အသုံးပြုခြင်းမျိုး ရှောင်ကြဉ်ပါ။ ၎င်းတို့ကို သင်၏ နှုတ်ပြောစကားများအား ရင်းမြစ်များဖြင့် ပြသရန်နှင့် သင်၏ သတင်းဆောင်းပါးကို တန်ဆာဆင်ရန် အသုံးပြုပါ။ သို့သော် သတင်းရင်းမြစ်များက ပြောဆို ခဲ့သော အရာများပေါ်တွင် သင်၏ ဝေဖန်ဆန်းစစ်မှုအတွက် အစားထိုးသည့် အရာတစ်ခု မဖြစ်ပါစေနှင့်။ မျှော်မှန်းချက်များမှာ

  • >   တစ်စုံတစ်ဦးက ပြောဆိုခဲ့သော အရာများသည် နားလည်ရန်ခက်ခဲခြင်း သို့မဟုတ် လှောင်ပြောင် သရော်ခြင်း ဖြစ်နေပါက နှုတ်ပြောစကားတွင် မထည့်သွင်းပါနှင့်။
  • >   သင်၏ စာနယ်ဇင်းက ခွင့်ပြုမထားသည့် မဖွယ်မရာ အယုတ္တအနတ္တနှင့် ဆဲရေးတိုင်းထွာ စကားများ။
  • >   “ကိုင်း၊ သိတဲ့အတိုင်းပဲ၊ ကျွန်ုပ်အထင်ကတော့ စသည့် စကားထောက်များကို မထည့်သွင်းပါနှင့်။

နှုတ်ပြောစကားများအားလုံးကို ထည့်သွင်း၍ သင်မပြုလုပ်ခဲ့သော အကဲခတ်လေ့လာခြင်းများအတွက် သတင်းရင်းမြစ်တစ်ခု အနေနှင့် တိုက်ရိုက် ကိုးကားပါ။ စုံစမ်းဖော်ထုတ်မှု သတင်းဆောင်းပါး တစ်ပုဒ်တွင် သင်၏ အထောက်အထားများ၏ အသုံးဝင်မှုကို တစ်စိတ်တစ်ပိုင်း အားဖြင့် ၎င်း၏ ရင်းမြစ်များအရ စာဖတ်သူက ဆုံးဖြတ်မည်ဖြစ်သဖြင့် ယူဆချက်များကို ပုံမှန်ထက် ပိုမို ဂရုစိုက်ရပေမည်။ သင်၏ သတင်းဆောင်းပါးတွင် ပြောဆိုသူ အသစ်တစ်ယောက် ပါဝင်လာသည့်နေရာကိုလည်း ရှင်းလင်းအောင် ပြုလုပ်ထားရမည်။ မည်သို့သော အကြောင်းပြချက်များအတွက် ဖြစ်စေကာမူ သင့်ထံတွင် သတင်းရင်းမြစ် တစ်ခုကို မည်သို့မျှ အမည် ထုတ်ဖော်ပြောဆိုခွင့်မရှိကြောင်း ရှင်းပြပါ။ ဥပမာအားဖြင့် “ကျွန်ုပ် သင့်အား ထုတ်ဖော်ပြသခဲ့သည်ကို ကုမ္ပဏီက သိရှိခဲ့လျင် ကျွန်ုပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိမ့်မည်” ဟု အင်တာဗျူး ဖြေကြားမည့်သူအား ပြောဆိုပါ။

နှုတ်ပြောစကားများကို မည်သို့ အသုံးပြုရမည်ဆိုသည့် အကြံပြုချက်များမှာ

  • >   နှုတ်ပြောစကားတစ်ခု ခံထားသည့် စာကြောင်းသည် စာဖတ်သူအား ရှေ့တွင် မည်သို့ ဖြစ်လာမည်ကို သိရှိနားလည်နိုင်စေရန် ကူညီပေးသင့်သည်။
  • >   နှုတ်ပြောစကားကို စတင်အသုံးပြုခြင်းသည် တူညီသည့် အာဘော်ဆီသို့ တည်ဆောက်ထားသင့်သည်။
  • >   စကားပြောကို ဖော်ပြရာတွင် “သူ/သူမ က ပြောဆိုခဲ့သည်” နှင့် စွဲမြဲစွာ အသုံးပြုပါ။ (“အခိုင်အမာ ပြောခဲ့သည်”၊ “တောင်းဆိုခဲ့သည်”၊ “ထုတ်ဖော်ပြောခဲ့သည်”) စသည့် စကားလုံးအချို့ကို စာဖတ်သူများက နားလည်မှု လွဲမှားစေနိုင်သည့် မလိုအပ်သော စကားလှည့်များ (“ငြင်းဆိုသည်”၊ “ပြန်လည် ချေပသည်”) အစား ထည့်သွင်းနိုင်သည်။ တန်ဆာဆင်မည့် ကြိယာတစ်ခုကို ၎င်းသည် တိကျသည်ဟု သေချာသည့် အခါမှသာလျှင် အသုံးပြုပါ။
  • >   သင် စကားပြေပြန်သည့်အခါ စကားလုံးများအား မလှည့်ပါနှင့်။ မူလရင်းမြစ်၏ လေသံနှင့် အဓိပ္ပာယ်ကို ထိန်းသိမ်းထားပါ။ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကျွန်မတို့မှာ ဒါတွေလုပ်ဖို့အတွက် ဘတ်ဂျက် မရှိပါဘူး” ဟု ပြောဆိုခဲ့လျှင် “သူမက သူမ၏ ကုမ္ပဏီသည် ဤသည်တို့အပေါ်တွင် သုံးစွဲရန် ပြင်ဆင် ထားခဲ့ခြင်း မရှိပါဟု ပြောဆိုခဲ့သည်”