၁.၃.၃။ အချိတ်အဆက်နှင့် သုံးသပ်ချက်များ


သတင်းဆောင်းပါးတိုင်းသည် ကောင်းမွန်စွာ စတင်၍ ကောင်းမွန်စွာ အဆုံးသတ်ရန် လိုအပ်သည်။ နိဒါန်းပိုင်းနှင့် နိဂုံးပိုင်းသည် မည်သည့် ရေးသားခြင်းမျိုးတွင်မဆို အားအကောင်းဆုံး အစိတ်အပိုင်းများ ဖြစ်ကြသည်။ ကောင်းမွန်သည့် နိဒါန်းတစ်ခုသည် ဖတ်ရှုသူများကို ဆွဲခေါ်၍ သတင်းဆောင်းပါး တစ်ပုဒ်လုံးကို ရှုမြင်နိုင်ရန် ဘောင်တစ်ခု ကန့်သတ်ပေးသည်။ လေ့လာမှုအများစုတွင် ဖော်ပြထားသည်မှာ သတင်းဆောင်းပါး တစ်ပုဒ်၏ နိဒါန်းသည် နှစ်သက်စဖွယ် မရှိပါက ဖတ်ရှုသူများသည် အကြောင်းအရာကို ဂရုမထားဘဲ ဆက်လက် ဖတ်ရှုလိမ့်မည် မဟုတ်ပေ။ အလားတူပင် နိဂုံးပိုင်းသည် ဖတ်ရှုသူက သတင်းဆောင်းပါးထံမှ ယူဆောင်သွားနိုင်သည့် စိတ်ကူးစိတ်သန်း တစ်ခုပင် ဖြစ်သည်။

စတင်ရန် နည်းလမ်းများတွင် ပါဝင်သည်တို့မှာ

  • > ပုံတူရေးဖွဲ့မှုတစ်ခု သို့မဟုတ် ဇာတ်ကွက်ဆင်သူ
  • > ဝါကျတိုတစ်ကြောင်းရှိ သတင်းဆောင်းပါး၏ အာဘော် အနှစ်ချုပ်
  • > အကျိုးဆက်များ သို့မဟုတ် အကျိုးသက်ရောက်မှု။ ယင်းနောက် သင်သည် မည်သို့ ဖြစ်ပျက်ခဲ့သည် တို့ကို ပြောဆိုနိုင်ရန် ပြန်လည် ခြေရာကောက်နိုင်သည်။

မည်သို့ပင်ဖြစ်စေ စာဖတ်သူက သတင်းဆောင်းပါး၏ အကြောင်းအရာအား သိရှိနိုင်ရန် ကြာမြင့်စွာ စောင့်ဆိုင်း နေရခြင်းမျိုးကို မပြုလုပ်ပါနှင့်။ ကောင်းမွန်သည့် အကြမ်းဖျင်းနည်း တစ်ခုမှာ သတင်းဆောင်းပါး တစ်ပုဒ်၏ နိဒါန်းအချက်အလက်သည် ဆယ်ရာခိုင်နှုန်းထက် ပို၍ မများသင့်ခြင်း ဖြစ်သည်။ သို့သော် ဤအရာကို ကြန့်ကြာနေသည့် သဲလွန်တစ်ခုကဲ့သို့ ပြဌာန်းစာအုပ်ပါ ဝေါဟာရတစ်ခုကို အသုံးပြုရန် မစဉ်းစားပါနှင့်။ သင်၏ သတင်းဆောင်းပါးသည် ပထမဆုံးဖြစ်စဉ် စတင်ဖော်ပြရာတွင်ပင် စတင်ခြင်းဖြစ်ပြီး အချက်အလက်စာရင်း တစ်ခုဖြင့် တည်ရှိနေခြင်း မဟုတ်ပါ။

သင်၏ နိဂုံးပိုင်းကို တူညီသောနည်းလမ်းဖြင့် ပြုလုပ်သင့်သည်။ အားရကျေနပ်ဖွယ်ရာ နိဂုံးပိုင်းတွင်

  • > လျော့တိလျော့ရဲဖြစ်သော အပိုင်းအစများကို စုဖွဲ့ထားပါ။ (ဇာတ်ကောင်စရိုက်များ မည်သို့ ဖြစ်ပွားခဲ့သည် သို့မဟုတ် မည်သို့ ဆက်လက် ဖြစ်ပွားလိမ့်မည်။)
  • > ကျွန်ုပ်တို့ မည်သည်ကြောင့် စိတ်ဝင်စားစရာကောင်းရသည်ကို သတိပေးရန် တစ်ကြိမ်ထက်ပို၍ အဓိကဆိုလိုရင်းကို အနှစ်ချုပ်ပါ။
  • > “နစ်နာစေသူ” တစ်ဦးကို ဖန်တီးပါ။ (လူတို့က ထိမိသော ကိုးကားမှုတစ်ခုဟု ထင်မှတ်စေနိုင်သည့် အဆုံးပိုင်းရှိ ထိခိုက်နစ်နာစေမှုတစ်ခု)
  • > ရှေ့နောက်ဆက်စပ်မှုကို အလေးဂရုပြုပါ။ ၎င်းတို့က ဖတ်ရှုသူများ၏ မျှော်လင့်ချက်များနှင့် အကန့်အသတ်များကို သတိပေးနှိုးဆော်ပြီး သင်၏ သတင်းဆောင်းပါးတွင် ကျောထောက်နောက်ခံ ပြုထားသော ပြုပြင်ပြောင်းလဲမှုများနှင့် ချိတ်ဆက်ပေးသည်။
  • > အစပိုင်းတွင် ထိတွေ့ခဲ့သည့် လူပုဂ္ဂိုလ်များထံ ပြန်သွား၍ ၎င်းတို့ထံတွင် အပိတ်စကား ရှိပါစေ။
  • > အသုံးများလွန်း၍ ဟုံနေပြီဖြစ်သည့် “အချိန်ကသာလျှင် စကားပြောလိမ့်မည်” စသည့် အဆုံးသတ် မျိုးကို မတတ်သာလျှင်ပင် အသုံးမပြုပါနှင့်။ သင်သည် စုံစမ်းဖော်ထုတ်သူဖြစ်ပြီး တိကျသည့် ဖြေရှင်းမှု တစ်ခု ပေးမထားဘဲ သင်၏ သတင်းဆောင်းပါးကို အရေးမစိုက်ခြင်းသည် ဖတ်ရှုသူ၏ ယုံကြည်မှုကို သင်၏ လုပ်ပိုင်ခွင့်အတွင်းမှ ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။

သင်၏ သတင်းဆောင်းပါးကို ရေးဖွဲ့ရာတွင် ညီတူမျှတူ အရေးကြီးသည်မှာ ကဏ္ဍတစ်ခုမှ တစ်ခု သို့မဟုတ် စာပိုဒ်တစ်ပိုဒ်မှ တစ်ပိုဒ်သို့ အကူးအပြောင်းများပင် ဖြစ်သည်။

ပေါင်းစည်းထားသော ဇာတ်ကြောင်းတစ်ခု ဖန်တီးရန်အတွက် အသုံးဝင်ဆုံး နည်းစနစ်များမှာ

  • > သုတေသနစာတမ်းကို ပုံမှန် တင်သွင်းပါ။
  • > ချဲ့ထွင်ထားသော ဥပစာများကို စိတ်ကူးစိတ်သန်းများနှင့် တွဲဖက် အသုံးပြုပြီး ကွက်ကွက်ကွင်းကွင်း ဖြစ်အောင် လုပ်ပါ။ ဥပမာ သင်သည် ပတ်ဝန်းကျင်ကို အစိတ်အပိုင်းများအားလုံး အတူတကွ အလုပ်လုပ်ရသည့် လူ့ခန္ဓာကိုယ်ကဲ့သို့ ဆွေးနွေးနိုင်သည်။
  • > သင်၏ စုံစမ်းဖော်ထုတ်မှုအတွက် သတင်းဆောင်းပါးတွင် စိတ်ကူးအလျဉ်ကဲ့သို့ ပြေးလွှားနေသည့် ရုပ်ပုံတစ်ခု၊ အရာဝတ္ထုတစ်ခုနှင့် စကားပုံတစ်ခု သို့မဟုတ် ဆီလျော်သည့် တစ်စုံတစ်ခုကို အသုံးပြုပါ။

ရိုးရှင်းသော စကားလုံးများသည် ရှုပ်ထွေးနက်နဲသည့် ဆိုလိုရင်းတစ်ခုကို သင်ခြေရာကောက်ထားသကဲ့သို့ စာဖတ်သူအား သင်နှင့်အတူ ခေါ်ဆောင်ထားနိုင်ရန် အလွန်အမင်း ခွန်အားရှိသည်။ စာပိုဒ်တစ်ပိုဒ်သည် ယခင် စာပိုဒ်အတိုင်း (ဥပမာ။ ။”နှင့်”)၊ ဦးတည်ချက် ပြောင်းလဲခြင်းများ (“သို့သော်”)၊ အကျိုးဆက်တစ်ခု (“ထို့ကြောင့်”)၊ နောက်သို့ လိုက်ပါခြင်း (“ပြီးနောက်”)၊ အစရှိသဖြင့် လိုက်ပါခြင်း ရှိ မရှိကို ညွှန်ပြရန် လမ်းညွှန်စကားလုံးများအား အသုံးပြုပါ။

သင်၏ သတင်းဆောင်းပါးသည် ကနဦးမူကြမ်းကို ရေးပြီးနောက်တွင် ပြီးပြည့်စုံသည်ဟု ထင်ရဦးမည် မဟုတ်ပါ။ အပြီးသတ်အဆင့်တွင် လုပ်ဆောင်ရန် အရေးကြီးသည့် တစ်ချက်မှာ သင်၏ ရေးသားမှုဖြစ်စဉ်တွင် စုဆောင်း ရရှိခဲ့သည့် သတင်းအချက်အလက်များသည် ခိုင်မာမှုရှိနေဆဲ ဖြစ် မဖြစ်နှင့် နောက်ပိုင်း ရှာဖွေတွေ့ရှိမှုများနှင့် ဆန့်ကျင်သွေဖည်ခြင်း ရှိ မရှိ စစ်ဆေးရန် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အချက်အလက် အသစ်များ၊ ပညာရပ်ဆိုင်ရာ အစီရင်ခံစာများနှင့် စမ်းသပ်မှု ရလဒ်များ ထွက်ပေါ်လာခဲ့နိုင်သည်။ ၎င်းသည် သင်၏ ကွန်ရက် ရှာဖွေမှု ထပ်ကျော့ပြုလုပ်ခြင်းကို ထိုက်တန်စေသည်။

သင်၏ သတင်းဆောင်းပါးကို တည်းဖြတ်ရာတွင် ဖတ်ရှုခြင်းအား လေးလံစေသည့် အတုံးလိုက် အတစ်လိုက် စာသားများ ထည့်သွင်းထားခြင်းကို တွေ့ရှိနိုင်မည် ဖြစ်သည်။ ၎င်းတို့ကို သတင်းဆောင်းပါးမှ ဖြုတ်ယူ၍ လေးထောင့်ကွက်တစ်ခု သို့မဟုတ် ဘေးအကန့်တစ်ခုထဲတွင် ထားရှိနိုင်သည်။ အကောင်းဆုံးသော သတင်းဆောင်းပါးများသည် တစ်ကြိမ်ထက်ပို၍ အကြမ်းရေးသားခဲ့သည်ကို သတိရပါ။ သင်၏ရေးသားခြင်းကို တည်းဖြတ်ခြင်းသည် ဇိမ်ရှိသော သို့မဟုတ် ငြီးငွေ့စရာကောင်းသော အလုပ်တစ်ခု မဟုတ်ဘဲ သတင်းဆောင်းပါးကို ဖြစ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် သင်ပြုလုပ်နိုင်သည့် အစိတ်အပိုင်းသာ ဖြစ်သည်။ တစ်ဦးတည်း မူကြမ်း ပြန်လည်ရေးသားခြင်းနှင့် ဒိုင်ခံ တည်းဖြတ်ခြင်းသည် အလွန်အမင်း ခက်ခဲနေပါက တည်းဖြတ်ခြင်းနှင့် ဆန်းစစ်ဝေဖန်မှုဖြစ်စဉ် တစ်လျှောက် ဆောင်ရွက်မှုများကို ကူညီရန် လုပ်ဖော်ကိုင်ဖက် သို့မဟုတ် အဖွဲ့ဝင်တစ်ယောက်ကို ရှာဖွေပါ။ ကောင်းမွန်သည့် စိတ်ကူးစိတ်သန်းများသည် စုပေါင်း ဆောင်ရွက်မှုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။